Sunday, June 28, 2009

အချစ်မဲ့ ရလဒ်

မင်းပေးခဲ့တဲ့ အိပ်မက်တွေထဲ လွင့်မျောမိခဲ့
မျှော်လင့်ခဲ့တာ အိပ်မက်တွေလား
ချစ်ခဲ့မိလို့ မိုက်မဲတယ်ဆိုရင်တောင် ကျေနပ်ပါတယ်
နာကျင်အောင် ရက်စက်လည်း ကိုမငြင်းပါဘူး
ပတ်သတ်ခဲ့သမျှအရာရာဟာ မင်းလက်ထဲမှာပါ…။

အသက်ရှုလိုက်တိုင်း သတိရ
မျက်စိထဲကလည်း မေ့မပျောက်နိုင်
ဦးနှောက်ထဲကလည်း ထုတ်မပစ်နိုင်
အတွေးထဲမှာတောင် မဝေးရဲခဲ့
အရူးတစ်ယောက်လိုပဲ…
ညာနေမှန်းသိလျှက် သာယာခဲ့မိ
မထူးခြားခဲ့ပေမယ့်လည်း ကိုတောင်းတခဲ့တယ်…

ကိုယ်ယုံလိုက်ပါပြီ……
မချစ်မိလို့ သေတဲ့လူမရှိ
ချစ်မိလို့ ရင်ကွဲရတဲ့သူပဲ ရှိတယ်ဆိုတာ….။


ဝေါသားလေး

ဆက်လက်ဖတ်ရှုရန် ...

Saturday, June 13, 2009

အလွမ်းည

ကောင်းကင်တခွင်လုံး
အလွမ်းတွေငွေ့ဆိုင်း
ဒီလိုညတွေကုန်ဆုံးစေဖို့
ကြယ်တွေကြွေတိုင်းဆုတောင်းခဲ့
ချစ်သူနှစ်ဦးပြန်ဆုံဆည်းမယ့် ရက်ကိုပေါ့…။

ချစ်သူနဲ့ကွေကွင်းရတဲ့ ဒုက္ခထပ်ပိုပြီးခံစားတဲ့
ဝေဒနာတွေသာမရရှိခဲ့ရင်
ဒီညဟာ...
မလွမ်းတတ်သူတွေတောင်
လွမ်းမိမှာ သေချာပါတယ်
လူသားဆန်ဆန်လွမ်းရင်း
အိပ်ရေးပျက်ခဲ့တဲ့ညတွေကို
အေးအေး ဆွေးဆွေးကျော်လွန်သွားရင်းပေါ့….။

အပြုံးလှလှလေးတွေ ပိုင်ဆိုင်တဲ့
သူရဲ့ အရည်ချင်း……

မေ...ပြတင်းတွေကိုဖွင့်ပေးပါ
သစ်ရွက်တွေဝေတဲ့ကြားက
အလွမ်းငွေ့တွေ ဝင်ခဲ့ပါစေ…..

အို... မေ
ချစ်ခြင်းသည်
အရသာရှိသော
ပူပန်ခြင်းတမျိုးပင်ဖြစ်လေသည်…။

Anonymous

ဆက်လက်ဖတ်ရှုရန် ...

Sunday, June 7, 2009

ကျေးတမာသို့ပေးစာ

အို...အသင်ကျေးတမာ
ဖယ်ခွာရှောင်ပုန်း
ဝေးရာသို့ပြေးခွာနေရော့သလား
အသွင်သစ်တွေဖန်
အမြင်သစ်တွေစံကာ
ဘယ်အသွင်ဖန်ဆင်း
ဘယ်အချင်းနဲ့များ ပျော်နေပါ့...။

အို...အသင်ကျေးတမာ
လွတ်လပ်မှုကိုဖွေရှာရင်း
အယောင်ဆောင်ကြင်နာမှုတွေကြား
ပျော်ရွှင်ပျံသန်းရင်း
ချုပ်နှောင်မိနေရော့သလား
မုန်တိုင်းထန်လို့
လေဆန်ကိုပျံသန်းတဲ့အခါ
တောင်ပံညောင်းလို့
အစာတောင်းလာတဲ့အခါ
ငါ့..သစ်ပင်အိုကြီးကို သတိရပါ...။

အို...အသင်ကျေးတမာ
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိခဲ့မယ်ဆိုရင်
ကေသရာဇာခြင်္သေ့လို
ရဲရင့်သူတို့နှလုံးသားပိုင်ဆိုင်တဲ့ ..ငါ့ကို
နောင်တမျက်ရည်နဲ့
မပူဇော်ပါနဲ့လေ...။ ။

Anonymous

ဆက်လက်ဖတ်ရှုရန် ...

Sunday, May 17, 2009

လမိုက်ည

လမသာတဲ့ကောင်းကင်က ငါပါ
မှော်အတတ်နဲ့ အသက်သွင်း
ကိုယ့်အိပ်မက်ကို ထုဆစ်ပုံသွင်းပြီးမှ
အိပ်မက်တွေ အခိုးခံရတဲ့ည...။

အခုတော့
ရင်ကွဲနာကျနေတဲ့ ငါ့ဒိုင်ယာရီလည်း
အလွမ်းတွေအခါခါမြိုချရလွန်းလို့
ပိုးလိုးပက်လက်
စားပွဲပေါ်မှောက်နေလေရဲ့….။

ပစ္စုပ္ပန် ထွန်းလင်းပြီး
အနာဂတ် တောက်ပဖို့အတွက်
အတိတ်ကို အရောင်ပြောင်းလိုက်ရမှာလား
အကောင်းဆိုတာဘာလဲ
အဆိုးဆိုတာဘာလဲ အဓိပ္ပါယ်မသိချင်တော့ဘူး..
မိုက်မဲတယ်ပြောချင်ပြောပါစေ
အမှန်တရားတကယ်ရှိတယ်ဆိုတာ ယုံကြည်ခဲ့တယ်။

ဘဝတွေက
ချိုမလိုနဲ့ ခါးခါးသွားတော့
အလိုလိုနဲ့ အခါးကြိုက်တတ်သွားတယ်
အဆင်မပြေလွဲမှားမှုတွေကြုံတိုင်း
ကံကြမ္မာကိုအပြစ်တင်ရလွန်းလို့
ကိုယ့်ကံကြမ္မကိုတောင် သနားလာမိတယ်
တကယ်လို့
သန်းခေါင်ထက် မိုးမချုပ်တော့ဘူးဆိုရင်
မနက်ဖြန်ဟာ ငါ့နေ့ပဲပေါ့ ...။


ဝေါသားလေး နှင့် Anonymous

ဆက်လက်ဖတ်ရှုရန် ...

Monday, April 13, 2009

သက်ရောက်မှု

နွေဦးကတော့ ရွက်သစ်ဦး ပုရစ်ဖူးတွေနဲ့ ဝေလို့
တစ်နှစ်လုံး ပုန်းအောင်းနေတဲ့ ပိတောက်ကတော့
မိုးပြေးကိုမျှော်နေရဲ့….။

မိုးအခါ ဘယ်ဆီပုန်းနေမှန်းမသိတဲ့
ဥသြငှက်ငယ်လေးက ကြေကွဲသံစဉ်သီကျူးလို့
ခြောက်သွေ့မှုတွေ ပြေပျောက်ဖို့
မေဦးမိုးကိုမျှော်နေရဲ့….။

အလွမ်းတွေပုံဖော်ထားတဲ့
ဆည်းဆာညနေရီကတော့ ရွှေဝါရောင်တောက်ပလို့
သတိမရချင်တာတွေကို သတိရအောင်ဖန်တီးနေလေရဲ့…။

အတွေးတွေက
အိမ်မက်တွေလိုပဲ လွင့်ပြယ်လိုက်
မိုးကောင်းကင်လို ကြည်လင်လိုက် အုံ့ဆိုင်းလိုက်နဲ့
ဘ၀တွေကို ပန်းပုထု သလို မလိုတာတွေ ဖယ်ထုတ်ရရင်ကောင်းသား
အခုတော့….
ဖွင့်ဟလိုက်တဲ့ စကားလုံးတွေတိုင်း
ပြန်ရောက်လာတော့ သံစဉ်တွေပြောင်းခဲ့
အမေရေ…
သားရဲ့ ညတွေတိုင်းမှာ လမသာခဲ့ဘူး….။


သင်္ကြန်အခါသမယမှာ အားလုံးပျော်ရွှင်အေးချမ်းပါစေ....
နေ့သစ်တွေ လှပကြပါစေ....
ကျနော်ကတော့ အားလုံးရဲ့ အဝေးမှာ .....

ပြည့်စုံ (ဝေါသားလေး)

ဆက်လက်ဖတ်ရှုရန် ...

Wednesday, April 1, 2009

ချစ်သူ

ကဗျာမရေးတာကြာပြီဖြစ်တဲ့ ကျနော့်ရဲ့ သူငယ်ချင်း နေနေ(နို့ဖိုး-စခန်း)မှ သူမအားတဲ့ကြားကနေ ကျနော့်အတွက် ထပ်တူခံစားပြီးရေးပို့ပေးလိုက်တဲ့ ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။

ချစ်သူ

ချစ်သူ...
မင်းလက်တွေသာ မြဲမြံနေပါစေ
ခိုက်ခိုက်တုန်တဲ့ နှင်းပွင့်တွေကို
ငါ့ရင်ငွေ့နဲ့ နွေးစေမယ်…။

ချစ်သူ…
မင်းအပြုံးတွေသာ အမြဲဝေနေပါစေ…
လောင်ကျွမ်းမတတ် အိုက်စပ်ခြင်းတွေကို
ငါ့နှလုံးသွေးနဲ့ အေးမြစေမယ်…။

ချစ်သူ ..
မင်းရဲ့နှလုံးသားလေးသာ လှနေပါစေ…
အရိုင်းဆန်တဲ့ မြို့ပြမှာ
ငါ့ရဲ့ မြတ်နိုးမှုတွေနဲ့ ကြည်နူးစေမယ်…။

ချစ်သူ...
ယုံကြည်စွာသာ ကိုယ့်ပခုံးပေါ်မှာ မှီထားပေးပါ
သိပ်မဝေးတော့တဲ့ အာဒံရဲ့ ဥယျာဉ်ထဲမှာ
မင်းကြိုက်တဲ့ပန်းတွေ ငါပျိုးထားတယ်…။


နေနေ(နို့ဖိုး-စခန်း)

ဆက်လက်ဖတ်ရှုရန် ...

Sunday, March 29, 2009

ရက်စက်သူ

ကျနော့်သူငယ်ချင်းက ကျနော်ခံစားနေရတာကိုကြည့်ပြီး ကျနော့်အတွက်ရေးထားပေးတဲ့ကဗျာကို ကျနော်နဲ့ထပ်တူခံစားပေးဖို့ ဖော်ပြပေးလိုက်ပါတယ် ….။

ရက်စက်သူ

တကယ်တော့...
နွေးထွေးမှုအပြည့် အကြင်နာတွေပေးခဲ့တယ်
မင်းအတွက် အေးမြမှီခိုဖို့
ငါ့ရင်ခွင်ဖွင့်ဟထားခဲ့တယ်
ဒါပေမယ့်
မင်းကမှအရေးမထားခဲ့တော့လည်း
ကန္တာရလိုပဲ
ငါ့ရင်ခွင်ခြောက်ကပ်လွန်းလှတယ်…။

တကယ်တော့...
အနိုင်မရလိုခဲ့ပါဘူး
ရှုံးနိမ့်မှာကို ကြောက်ခဲ့ရုံပါ
ကိုယ်ထင်ရာ ကိုယ်စိုင်းခဲ့တော့
နီးလျှက်နဲ့ ဝေးသွားခဲ့….။

အခုတော့...
ခံစားချက်တိုင်း အသက်မဲ့
နာကျင်ခံစားမှုတွေ သင်ပုန်းချေလို့
ဆန္ဒတွေ ဖြစ်လာမယ့်တစ်နေ့ကို
ငါ... စောင့်မျှော်နေရင်းပေါ့….။

ဆက်လက်ဖတ်ရှုရန် ...